NEWS

"MADE Project ကို ရပ်ဖို့ တောင်းဆိုတယ်"

CoverLogo
1K Views

ဥရောပသမဂ္ဂက ပြုလုပ်တဲ့ MADE Project ကို မြန်မာနိုင်ငံက အလုပ်သမားအရေးလှုပ်ရှားဆောင်ရွက်သူတွေက ကန့်ကွက်ထားပြီး လက်ရှိဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေကို ရပ်တန့်ဖို့ တောင်းဆိုတယ်လို့  သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် - မြန်မာ အဖွဲ့   STUM က လည်း ဆိုပါတယ်။

ဂျာမနီအခြေစိုက် ဖွံ့ဖြိုးရေးအဖွဲ့အစည်း sequa gGmbH နှင့်  နဲ့ ဥရောပ ကုန်သည်များအသင်း -မြန်မာ  EuroCham Myanmar  တို့ ပူးပေါင်းကာ လုပ်ငန်းအကောင်အထည်ဖော်မယ့် MADE In Myanmar  ပရောဂျက်ကို မတ်လ ၁၆ ရက် မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။

အဆိုပါ MADE ပရောဂျက်အသစ်က ဒီဇင်ဘာ ၁၅ ရက်၊ ၂၀၂၂ ခုနှစ်မှစတင်ကာ ဒီဇင်ဘာ ၁၄ ရက်၊ ၂၀၂၆ ခုနှစ်တွင်ပြီးဆုံးမှာ ဖြစ်တယ်လို့ လည်း ကြေညာထားပါတယ်။

အဲ့ဒီ MADE  စီမံချက်ကို “မြန်မာနိုင်ငံရှိ အထည်အလိပ် အထည်ချုပ် ဖိနပ် အိတ်ချုပ် လုပ်ရေးကဏ္ဍများတွင် သင့်တင့် ကောင်းမွန်သော အလုပ်အကိုင်ရရှိရေး”ရည်ရွယ်ချက်နဲ့  ပြုလုပ်သွားမှာ ဖြစ်ပြီး စီမံကိန်းကို ဥရောပသမဂ္ဂ ရဲ့ ပင်မသုံးစွဲရန် လျာထားငွေ ယူရို ၃ သန်းနှင့် ပုဂ္ဂလိက ကုန်အမှတ်တံဆိပ်များမှ ဖြည့်စွက်ရရှိသည့် ငွေများဖြင့် အကောင်အထည်ဖော်သွားမယ်လို့ ထုတ်ပြန်ခဲ့တာပါ။

"MADE Project  က စမဝင်ခင်တုန်းကပြောတာကျတော့ မြန်မာနိုင်ငံထဲက အလုပ်သမားတွေအတွက် ပြီးတော့ မြန်မာနိုင်ငံမှာရှိတဲ့ အလုပ်သမားအဖွဲ့အစည်းတွေ  NGO တွေအတွက် ရည်ရွယ်ပြီးတော့ လုပ်တယ်ဆိုပြီးတော့ အစောပိုင်းကပြောတယ် ပြီးတော့ MADE Project ကိုမိတ်ဆက်တယ် မိတ်ဆက်တဲ့အခါကျတော့ သူတို့က SMART Myanmar နဲ့ လက်တွဲပြီး အလုပ်လုပ်နေတဲ့ စက်ရုံတွေကို ပဲ ချဉ်း ကပ် တယ်" လို့ STUM အဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

"EU ရဲ့ စီမံကိန်းတစ်ခုဖြစ်တဲ့ SMART Myanmar ကစက်ရုံတွေမှာက အစောပိုင်းမှာကတည်းက အဆင်မပြေတာရှိတယ် မြန်-ကူ ပရောဂျက်လုပ်ကတည်းက အကုန်လုံးအပေါ်မှာ လွှမ်းခြုံတာမဟုတ်ဘူး နိုင်ငံတကာမှာကျတော့ မြန်မာနိုင်ငံက အလုပ်သမား ဘယ်လောက်အတွက် ဘာဖြစ်တယ် ညာဖြစ်တယ် ပြောပေမယ့် တကယ်တမ်းကျတော့ အဲ့ဒီလို လွှမ်းခြုံမိတာလည်း မဟုတ်ဘူး "လို့ ယင်းက ဆိုပါတယ်။

"ပြီးတော့ စက်ရုံထဲမှာရှိနေတဲ့ အလုပ်သမားတွေအပေါ်မှာ စမတ်မြန်မာက လွှမ်းမိုးမှုရှိတယ် အလုပ်သမားသမဂ္ဂဆိုတာ အလုပ်သမားတွေက လွတ်လပ်စွာ ဖွဲ့စည်းတာမျိုးတွေ လုပ်ရတာမျိုးတွေရှိတယ် ဒါပေမယ့် စမတ်မြန်မာက သူနဲ့ လက်တွဲလုပ်နေတဲ့ အမှတ်တံဆိပ်တွေချုပ်တဲ့ စက်ရုံတွေပေါ်မှာ ဝင်ပြီးတော့ ခြယ်လှယ်တာတွေ လုပ်တဲ့အပေါ်မှာ ကျမတို့ တွေ အရှေ့ပိုင်းမှာလဲ စာထုတ်ပြီး ကန့်ကွက်ခဲ့ကြတာရှိတယ်"လို့ ဆိုပါတယ်။

ယခုထပ်မံပြီးတော့ ကဏ္ဍအသစ်အနေနဲ့ ဖွင့်လှစ်လိုက်တဲ့ MADE Project  -Multi-Stakeholder Alliance for Decent Employment in the Myanmar apparel industry(MADE in Myanmar)ကလည်း အလားတူ လုပ်ရပ်မျိုးတွေ သာ ဖြစ်ပွားနိုင်တာကြောင့် ကန့်ကွက်ရတာဖြစ်တယ်လို့ လည်း အလုပ်သမားအရေး လှုပ်ရှားဆောင်ရွက်သူတွေက ဆိုပါတယ်။

"ခု EUROCHAM က စမတ်မြန်မာကို သူ့ရဲ့ ပရောဂျက်ကို အကောင်အထည်ဖော်ဖို့ ရွေးလိုက်တဲ့အခါကျတော့ ကျမတို့က ဒါကို လက်မခံဘူး နံပတ် ၁ က SMART Myanmar ဖြစ်နေလို့ လက်မခံတာ နံပတ် ၂ က ရည်ရွယ်ရင်းပေါ့ သူတို့ ပြောနေတဲ့အချက်တွေက တကယ် မြေပြင်မှာရှိနေတဲ့ အထည်ချုပ်အလုပ်သမားအားလုံးကို လွှမ်းခြုံနေတဲ့ အလုပ်သမားအဖွဲ့အစည်းတွေ လုပ်ကိုင်ခွင့်ရတဲ့ ပရောဂျက် တစ်ခုမဟုတ်ဘူး ဒါကြောင့် ကျမတို့ ကန့်ကွက်ရတာဖြစ်တယ် ကန့်ကွက်တဲ့အပြင်ကို ဒီငွေကို ပြည်တွင်းထဲကို ဝင်လာတာကို လက်မခံတာပါ"လို့ STUM တာဝန်ရှိသူက ဆိုပါတယ်။

လက်ရှိမှာတော့ MADE Project ကို ပြည်တွင်းမှာ စတင်အကောင်အထည်ဖော်နေတယ်လို့ သိရပြီး SMART Myanmar ရဲ့ လူမှုကွန်ယက်ကတစ်ဆင့်လည်း အထည်ချုပ်အလုပ်သမားအမျိုးသမီးတွေကို စွမ်းဆောင်ရည်မြှင့်တင်ဖို့ ဟုဆိုကာ ONOW Myanmar နှင့်ပူးပေါင်းကာ သင်တန်းတွေ ပို့ချခဲ့တယ်လို့ ၂၀၂၃ ဧပြီ ၇ ရက်က ဆိုထားပါတယ်။

"သူတို့က စနေပြီ ပြောချင်တာကတော့ အလုပ်သမားတွေအတွက် ဆိုပြီး ခေါင်းစဉ်တပ်ဝင်လာပြီး တကယ်တမ်းကျတော့ အလုပ်ရှင်တွေ ဘရန်းအဖွဲ့အစည်းတွေအနေနဲ့ ဒီပရောဂျက်ကို ဝေ မျှယူကြမှာ ပြီးတော့ သူတို့ ရဲ့ ရုံးစရိတ် ဝန်ထမ်းစရိတ်တွေ ဘတ်ဂျတ်ထဲက ကုန်ကျမယ့်ငွေတွေကို MADE Project ထဲကယူပြီးတော့ တဖက်လှည့်နဲ့ ကျခံပြီးတော့ အကောင်အထည်ဖော်သွားမှာ နောက်ဆုံး မြန်မာအလုပ်သမားတွေ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရလိုက်ကြတာက ၁၀ ရာခိုင်နှုန်းလောက်ပဲ ကျန်မယ် ဒါကိုပဲ နိုင်ငံတကာ မျက်နှာစာမှာပဲ ငွေကြေး ဘယ်လောက်ကတော့ လုပ်မယ်ဆိုပြီးပြောတာလေ တစ်သန်းလောက်အလုပ်သမားတွေလက်ထဲကို ရောက်တယ်ဆိုရင်တောင်မပြောဘူး" လို့ ကန့်ကွက်သူက ဆိုပါတယ်။

လက်ရှိ ပြည်တွင်း က အထည်ချုပ်ကဏ္ဍမှာ အလုပ်သမားတွေ ရင်ဆိုင်နေရတာက လုပ်ခလစာနည်းပါး ကာ မလောက်မငှနဲ့ စားဝတ်နေရေးအတွက် ရုန်းကန်နေတာဖြစ်ပြီး အလုပ်လက်မဲ့ အလုပ်သမားတွေအနေနဲ့ တော့ ရွှေ့ပြောင်းအလုပ်သမားတွေ အဖြစ် ပြည်ပ ထွက်ခွာတာမျိုးတွေဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

"တော်တော်များများစက်ရုံတွေကတော့ လုပ်သက်နှစ်များတဲ့ အလုပ်သမားကို တရားမဝင် အလုပ်ဖြုတ်တာတွေ အီးစီ တရားမဝင်ပြန်ချုပ်တယ် အဲ့လူတွေကို နေ့စားအဖြစ်ထားတယ် အလုပ်မပြုတ်ချင်ရင် နေ့စားနဲ့ပဲ ဆက်လုပ်ဆိုတာတွေ ရှိတယ် အခုကတော့ အထည်ချုပ်လုပ်ငန်းတွေမှာ ရှုပ်ရှုပ်ထွေးထွေးကတော်တော်များတယ်" အလုပ်သမားအရေးလှုပ်ရှားသူက ဆိုပါတယ်။

"သူတို့ လုပ်နေတာက ပြောရမယ်ဆိုရင်   WCC  ကို Training ပေးမယ် တို့ အကြံဉာဏ်ပေးမယ်တို့  Skill Training ပေးမယ်တို့ အလုပ်ရှင်ဘက်က လုပ်ချင်တာကို အကောင်အထည်ဖော်သွားတာ တကယ်တန်းက ပရောဂျက်တစ်ခုကို အကောင်အထည်ဖော်တော့မယ်ဆိုရင် မြေပြင်မှာ အလုပ်သမားတွေက ဘာကို လိုတာလဲ တကယ်လို အပ်တာကို ပေးချင်တယ်ဆိုရင်ပြောတာ စစ်တမ်းကောက်ပြီး လုပ်ရမှာ တကယ်မြေပြင်မှာ အလုပ်လုပ်နေတဲ့ အလုပ်သမား အဖွဲ့တွေနဲ့ တွေ့ဖို့ လုပ်ရမှာ သူနဲ့ လက်ဝါးချင်းရိုက်ထားတယ် သူပြောတာကို နားထောင်မယ်ဆိုတဲ့ လူ တွေရဲ့ အသံကို ပဲ နားထောင်နေမယ်ဆိုရင်တော့ ရလာဒ်ကောင်းမှာ မဟုတ်ဘူး ကျမတို့ တွေကလဲ ငြိမ်ခံနေမှာ မဟုတ်ဘူးလေ ဘာဖြစ်လို့ လဲ ဆိုတော့ မြန်မာအလုပ်သမားလို့ ခေါင်းစဉ်တပ်ပြီး မြန်မာအလုပ်သမားတွေမှာ ဒါလိုအပ်နေတယ်ဆိုပြီးခေါင်းစဉ်တပ် နေလို့ ကျမတို့ ကပြောရတာဖြစ်တယ်"လို့  STUM တာဝန်ရှိသူက ဆိုပါတယ်။

"MADE Project  နဲ့ပတ်သက်ပြီး ဒီပရောဂျက်ကို ရပ်ဖို့ တောင်းဆိုတယ် ပူးပေါင်းလုပ်ဆောင်ဖို့ မရှိဘူး အလုပ်သမားတွေအတွက် ထိရောက်တဲ့ ပရောဂျက်တစ်ခုမဟုတ်ဘူး သူတို့အတွက် ပဲသူတို့ လုပ်တာဖြစ်တယ် ဒါကြောင့် ရပ်ဖို့ တောင်းဆိုတာ"လို့ STUM အဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။

#MyanmarLabourNews

 


Related posts

Cover
Myanmar Ming Fan မနက်မိုးအလင်း အချိန်ပိုခိုင်းပြီး ပြန်ခွင့်မပေး
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးတွေကို တရုတ်အငှားမယား အဖြစ် စည်းရုံးသိမ်းသွင်းပေးနေတဲ့ Jafon (ဂျက်ပွန်လက်ကိုင်အိတ်ကုမ္ပဏီလီမီတက်ရဲ့ အချက်အလက်များ
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
Glary Jun Xing Garment ခွဲခြားဆက်ဆံပြီး အောလင်း၊ အောနိုက် အချိန်ပိုများ ခိုင်းစေနေ
Feb 06, 2026
Cover
Jafon စက်ရုံနှင့် တရုတ်ဝန်ထမ်းများ အောင်သွယ်လုပ် လက်ထပ်ဖို့ ဖိအားပေး စည်းရုံး
Feb 06, 2026
Cover
လုပ်သားများ ကို အန္တရာယ်ရှိသည့် ယာဉ်များ၊စည်းကမ်းမဲ့ယာဉ်မောင်းများဖြင့် ဖယ်ရီကြိုပို့မှု များ ရှိပါက MICSသို့ဆက်သွယ်တိုင်ကြားနိုင်ဟုဆို
Feb 05, 2026
Cover
ဖယ်ရီ အင်ချက် အလုပ်သမားတွေကို သိက္ခာကျအောင် ပြောဆို
Feb 05, 2026
Cover
လှည်းကူးတွင် စက်ရုံဖယ်ရီ နှင့် မီနီဘတ်စ် ယာဉ်တိုက်မှုကြောင့် ၄ ဦး သေ၊ ၃၂ ဦး ဒဏ်ရာရ
Feb 03, 2026